Create your account
Sign in to your account to continue.
Register
Sign in to your account to continue.
Already Registered?
Login
Benefits
Invite Code ၏ အကျိုးခံစားခွင့်များ
- 1. Starfish Application အား မိတ်ဆက်ပေးသူ၏ Invite code ကို Register လုပ်သည့်အချိန်တွင် ထည့်ပေးပါက ထိုသူ၏ code ဖြင့် Register လုပ်ထားသူမှ Starfish Mobile application ရဲ့ Starfish Zay တွင် Starfish Myamar မှ Commission ယူထားသည့် ဆိုင်များတွင် စျေး၀ယ်လိုက်တိုင်း Starfish Myanmar မှ ရရှိသည့် ငွေပမာဏ ပေါ် တွင် ကော်မရှင် ( 2 ) %ခံစားခွင့် (၁၀) နှစ် ရရှိမည် ဖြစ်သည်။
- 2. Starfish Application အား Download ပြုလုပ်၍ Register ပြုလုပ်ရာတွင် မိမိ Code ထည့်သွင်းပြုလုပ်သူ အရေအတွက် များလာလေလေ အကျိုးခံစားခွင့် စပွားများလာလေလေ ဖြစ်သည်။
Terms and Conditions
ဖော်ပြပါ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များသည် Starfish Myanmar မှ ဆောင်ရွက်လျှက်ရှိသော Starfish Application ကိုအသုံးပြုခြင်းအတွက် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ Starfish Application အား အသုံးပြုသူများအားလုံးသည် ဖော်ပြထားသောစည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များကို လက်ခံသဘောတူထားသည်ဟု သတ်မှတ်ပါသည်။
Application Visitor
- Starfish Application အား Account Registration မပြုလုပ်ဘဲ Visitor အနေဖြင့် ဝင်ရောက်ကြည့်ရှုလိုသူများနေဖြင့် Starfish Application မှ Pubic ဖော်ပြထားသော Information များအားလုံးကို ဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပြီး အကယ်၍ လူကြီးမင်းမှ Starfish App တွင် ပါရှိသော ဝယ်ယူ/ရောင်းချနိုင်သည့် ဝန်ဆောင်မှုများကို အသုံးပြုလိုပါက Account Registration ပြုလုပ်ရပါမည်။
Registration ပြုလုပ်ခြင်း
- အသက် (၁၈) နှစ် အထက်ရှိမည်သူမဆို Starfish Application တွင် Account Registration ပြုလုပ်နိုင်ပါသည််။
- Registration ပြုလုပ်ရာတွင် ပထမဦးစွာမိမိဖုန်းနံပါတ်ဖြင့် Registration ပြုလုပ်နိုင်ပါသည်။ ထို့နောက် မိမိအားလပ်ချိန်တွင် application ရှိ My profile တွင် အချက်အလက်များပေးသွင်းရန် လိုအပ်ပါသည်။ ထိုသို့ အချက်အလက်များတောင်းခံရခြင်း၏ ရည်ရွယ်ချက်မှာ ကျွနိုပ်တို့ အနေဖြင့် လူကြီးမင်းတို့၏ အကောင့် အချက်အလက်များ ပျောက်ဆုံးခြင်း၊ သို့မဟုတ် အကောင့်ပိတ်လိုသည့်အခါမျိုး တွင် မှန်ကန်ကြောင်း အတည်ပြုသည့်အခါ လိုအပ်သည့်အပြင် လူကြီးမင်းတို့၏ သုံးစွဲမှု အပေါ်မူတည်၍ ကျွနိုပ်တို့ဘက်မှ မေတ္တာ လက်ဆောင်များ ပြန်လည်ပေးအပ်သည့် အစီအစဉ်များတွင် ပါဝင်နိုင်ရန် အတွက် အချက်အလက်များ တောင်းယူခြင်းဖြစ်ပါသည်။
- လူကြီးမင်းအသုံးပြုသော ဖုန်းနံပါတ်မှာ လက်ရှိအသုံးပြုနေသော (သို့) ဆက်သွယ်၍ရသော ဖုန်းနံပါတ်ဖြစ်ရပါမည်။
- Starfish Application ကို Andriod ဖုန်းများဆိုလျှင် Playstore တွင်လည်းကောင်း ၊ IOS ဖုန်းများဆိုလျှင် App Store တို့တွင် အခမဲ့ Download ရယူနိုင်ပါသည်။
- Starfish Application တွင် ထည့်ထားသော လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များမှာ မှန်ကန်တိကျပြီး ပြည့်စုံမှု့ရှိရပါမည်။
- Registration ပြုလုပ်ရာတွင် ကိုယ်ပိုင်နံပါတ် Password or PIN (Personal Identification Number) ကိုသတ်မှတ်ခိုင်းမှာ ဖြစ်ပါတယ်။ လူကြီးမင်း Password or PIN နံပါတ် အား လုံခြုံစွာ သိမ်းဆည်းထားမှသာ လူကြီးမင်း၏ အရေးကြီးသော အချက်အလက်များ လုံခြုံမှု ရှိပါမည်။ လူကြီးမင်း၏ Account အား အခြားသူတစ်ဦးဦး သုံးစွဲနေသည်ဟု သံသယရှိပါက ကျွနိုပ်တို့ကိုချက်ချင်း အကြောင်းကြား ဆက်သွယ်ရန် လိုအပ်ပါသည်။
- Starfish Application ကိုအသုံးပြုခြင်းဖြင့် Starfish Myanmar ၏ ကုန်ပစ္စည်းများ ၊ Service များနှင့် ပတ်သတ်သောကြော်ငြာများ၊ လက်ကမ်းစာဆောင်များ ၊ နေ့စဉ်ဘဝအတွက် အကျိုးရှိသော သတင်းအချက်အလက်များ ရယူနိုင်မည် ဖြစ်ပါသည်။
- ဤယခုဖော်ပြထားသော စည်းကမ်းချက်များအပြင် အသုံးပြုသူလမ်းညွှန်တွင် ပါရှိသော စည်းကမ်းချက်များကိုပါ ဝယ်ယူသူမှ ဖတ်ရှု့နားလည် သဘောပေါက်ပြီး ဖြစ်သည်ဟု ကုမ္ပဏီဘက်မှ မှတ်ယူပါသည်။
Account နှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ
- Application ၏ User Account သည် User များ၏ ကိုယ်ပိုင် ဖုန်းနံပါတ် ဖြင့် ဖွင့်ထားသော Account များ ဖြစ်သည့်အတွက် ဖုန်းပျောက်ဆုံးခြင်း (သို့) Sim Card ပျောက်ဆုံးမှုများ ဖြစ်၍ ဖုန်းနံပါတ် လဲလှယ်မည်ဆိုပါ လူကြီးမင်းတို့၏ မှတ်တမ်းများ ပြန်လည်ရရှိနိုင်ရန် Customer Service သို့ ဆက်သွယ်ပေးရန်လိုအပ်ပါသည်။
- Customer Service မှ လူကြီးမင်း ၏ အချက်အလက်များ မှန်ကန်ကြောင်း စစ်ဆေးရန် တောင်းဆိုသည့် အချိန်တွင် လူကြီးမင်းဘက်မှ အချက်အလက်များ ပေးအပ်ရမည် ဖြစ်ပါသည်။ သို့မှသာ လူကြီးမင်း Account ပြန်လည် ဖွင့်ပေးရန် အတည်ပြုနိုင်မည် ဖြစ်ပါသည်။
- လူကြီးမင်းမှ Account ဖျက်သိမ်းမိပါက မိမိ၏ ဝယ်ယူ / ရောင်းချ မှတ်တမ်းများ ပျောက်ဆုံးသွားမည် ဖြစ်ပါသည်။
- လူကြီးမင်း၏ Account အား အခြားသူတစ်ဦးဦး သို့ လွှဲပြောင်းပေးခွင့်မရှိပါ။
PAYMENT SERVICE ၏ ဝန်ဆောင်မှု သုံးစွဲသူ စည်းကမ်းသတ်မှတ်ချက်များ
မှတ်ပုံတင်စာရင်းသွင်းခြင်း
- 1. Starfish Account ရှိသူများ အားလုံး PAYMENT SERVICE ၏ ငွေရေးကြေးရေး ဝန်ဆောင်မှုအား အသုံးပြုနိုင်ပြီး Starfish Account မရှိသူလူကြီးမင်းများသည် REGISTER FORM အချက်အလက်များ ဖြည့်၍ မှတ်ပုံတင်စာရင်းသွင်းနိုင်သည်။ မှတ်ပုံတင်စာရင်းသွင်းခြင်း အောင်မြင်ပါက PAYMENT SERVICE ၏ ငွေရေးကြေးရေး ဝန်ဆောင်မှုအား စတင် အသုံးပြုနိုင်ပြီ ဖြစ်သည်။
- 2. မှတ်ပုံတင်ရာတွင် ဖြည့်ရသော လူကြီးမင်း ၏ ကိုယ်ရေးအချက်အလက်များသည် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းမှ သတ်မှတ်ထားသော KYC လိုအပ်ချက်အလုံးစုံ ကို တောင်းခံရခြင်းဖြစ်ပါသည်။
- 3. မှတ်ပုံတင်စာရင်းသွင်းခြင်း ပြုလုပ်ရာတွင် လျို့ဝှက်နံပါတ် Password ကိုသတ်မှတ်ခိုင်းမှာ ဖြစ်ပါတယ်။ လူကြီးမင်း Password နံပါတ် အား လုံခြုံစွာ သိမ်းဆည်းထားမှသာ လူကြီးမင်း၏ အရေးကြီးသော အချက်အလက်များ လုံခြုံမှု ရှိပါမည်။
- 4. မှတ်ပုံတင်ရာတွင် သုံးစွဲသူလူကြီးမင်း၏ လက်ရှိအသုံးပြုနေသော တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံ မိုဘိုင်းဆင်းကဒ် ဖြင့်သာ လူကြီးမင်း၏ အကောင့်စာရင်းဖွင့်လှစ်ရမည် ဖြစ်သည်။
- 5. မှတ်ပုံတင် စာရင်းသွင်းခြင်း အောင်မြင်သည် နှင့် ဝန်ဆောင်မှုများ အသုံးပြုနိုင်ရန် အကောင့်စာရင်း ရရှိမည် ဖြစ်ပြီး သတ်မှတ်ထားသော Level ရှိ ငွေပမာဏအတိုင်း လုပ်ငန်းဆောင်ရွက်ခွင့် ရရှိမည် ဖြစ်သည်။
ဝန်ဆောင်မှုများဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ
- 1. သုံးစွဲသူသည် မိမိ၏ ငွေကြေးအကောင့်အား အခြားသူ တစ်ဦးဦးထံ လွှဲပြောင်းပေးအပ်ခြင်းမပြုရ။
- 2. မိုဘိုင်း နံပါတ်တစ်ခုလျှင် Account တစ်ခုသာ ဖွင့်လှစ်အသုံးပြုခွင့်ရှိသည်။
- 3. သုံးစွဲသူ ၏ account ၏ လျှို့ဝှက် နံပါတ်အား အခြားသူ တစ်ဦးဦးသို့ ထုတ်ဖော်ပြောကြားခြင်း နှင့် လုပ်ငန်းဆောင်ရွက်ချက် ပြုလုပ်စဉ် ရရှိလာသော တစ်ခါသုံးလျှို့ဝှက်ကုဒ်နံပါတ်များကိုလည်း ထုတ်ဖော်ပြောကြားခြင်း မပြုလုပ်ရပါ။
- 4. သုံးစွဲသူ ၏ ဖုန်း (သို့) Sim Card ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူ ၏ Account အား ပိတ်ပစ်နိင်ရန် (သို့) နံပါတ်အသစ်ဖြင့် ပြောင်းလဲ အသုံးပြုနိုင်ရန် အတွက် CUSTOMER SERVICE သို့ ချက်ချင်း အကြောင်းကြားပေးရမည်။
သုံးစွဲသူမှ မိမိအကောင့်ထဲသို့ ငွေထည့်သွင်းလိုခြင်း
- 1. သုံးစွဲသူ အကောင့်ထဲသို့ ငွေထည့်သွင်းလိုပါက PAYMENT SERVICE ၏ ဘဏ် အကောင့်ထဲ့သို့ ငွေသွင်းကာ Payslip တင်၍ ငွေထည့်သွင်းနိုင်ပါသည်။
- 2. နီးစပ်ရာ အေးဂျင့် ဆိုင်များသို့ သွားရောက်၍ ဖြစ်စေ မိမိ၏ Bank account ထဲမှ ရွေ့ပြောင်း၍ ဖြစ်စေ Account ထဲသို့ ငွေထည့်သွင်းနိုင်သည်။
အကောင့်ထဲမှ ငွေအား ထုတ်ယူလိုခြင်း
- 1. သုံးစွဲသူ သည် မိမိ အကောင့်ထဲမှ ငွေ အား ထုတ်ယူလိုပါက နီးစပ်ရာ အေးဂျင့် ဆိုင်များသို့ သွားရောက်၍ ဖြစ်စေ မိမိ၏ Bank account ထဲသို့ ရွေ့ပြောင်း၍ ဖြစ်စေ PAYMENT SERVICE Account ထဲ မှ ငွေအား ထုတ်ယူနိုင်ပါသည်။
အကောင့်အချင်းချင်း ငွေလွှဲပြောင်းခြင်း
- 1. သုံးစွဲသူ တစ်ဦးမှ အခြား PAYMENT SERVICE Account သုံးစွဲသူ ထံ အချင်းချင်း ငွေလွှဲပြောင်းပေးနိုင်ပါသည်။
လုပ်ငန်းဆောင်ရွက်ချက်များ၏ အခကြေးငွေများ
- 1. လုပ်ငန်းဆောင်ရွက်ချက် တစ်ခုစီတိုင်းအတွက် PAYMENT SERVICE မှ သတ်မှတ်ထားသော နှုန်းထားများအတိုင်း အခကြေးငွေ ပေးချေရမည်။
- 2. လုပ်ငန်းဆောင်ရွက်ချက် အခကြေးငွေများသည် PAYMENT SERVICE မှ တရားဝင် သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာ ပေးချေရမည် ဖြစ်ပြီး အခကြေးငွေများအား PAYMENT SERVICE မှ အခါအားလျော်စွာ ပြောင်းလဲ သတ်မှတ်ခွင့် ရှိသည်။