Agent Register
- Home
- Agent Register
Agent Register
Agent Terms & Conditions
1. အဓိပ္ပါယ်ဖွင့်ဆိုချက်များ
- အေးဂျင့် ဆိုသည်မှာ Gift Payment Service တွင် အေးဂျင့် မှတ်ပုံတင် ပုံစံ ၌ ဖြည့်သွင်းပြီး အေးဂျင့် လျှောက်ထားသူများထဲမှ Gift ဘက်မှ အတည်ပြုပေးထားသော အေးဂျင့်ဆောင်ရွက်ခွင့် ရှိသူကို ဆိုလိုသည်။
- ဝန်ဆောင်မှုများ ဆိုသည် မှာ Gift Payment Service မှ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများကို ဆိုလိုပါသည်။
2. အေးဂျင့် မှတ်ပုံတင်ခြင်း
- Gift Application တွင် အေးဂျင့် မှတ်ပုံတင်ရာတွင် သတ်မှတ်ထားသည့် အထောက်အထားများအား ပူးတွဲပေးပို့၍ အေးဂျင့် ပြုလုပ်ရန် မှတ်ပုံတင်သွင်းနိုင်သည်။
- သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်လွှာတင်သွင်းသူအား Gift မှ အတည်ပြုပေးလိုက်သည်နှင့် အေးဂျင့်အဖြစ်ဆောင်ရွက်ခွင့် ရရှိမည် ဖြစ်ပါသည်။
3. အေးဂျင့်၏ တာဝန်များ
- အေးဂျင့်သည် အောက်ပါစည်းကမ်းချက်များနှင့် အညီ ဝန်ဆောင်မှုများ အား Gift ၏ ကိုယ်စားလှယ်အနေဖြင့် ဝန်ဆောင်မှုပေးရမည်။
- အေးဂျင့်သည် မိမိအား သတ်မှတ်ထားသည့် Level ရှိ ကန့်သတ် ပမာဏများနှင့်အညီ ဝန်ဆောင်မှုပေးရန် နှင့် ကန့်သတ် ပမာဏ ကျော်လွန်၍ ဆောင်ရွက်ခြင်း မပြုရ။
- ငွေရေးကြေးရေး ဝန်ဆောင်မှု မှတ်တမ်းများအား Gift မှ သတ်မှတ်ထားသော ပုံစံများဖြင့် လုပ်ငန်းဆောင်ရွက်ချက်အလုံးစုံကို မှတ်တမ်းထားရန်နှင့် Gift (သို့) ဘဏ် မှ တောင်းခံလာပါက မှတ်တမ်းများအား ပေးပို့ ပြသနိုင်ရမည်။ မှတ်တမ်းများကို အနည်းဆုံး ( ) နှစ်အထိ ထိန်းသိမ်းထားရမည်။
- အေးဂျင့်သည် GIFT မှ ထုတ်ပြန်သော ညွှန်ကြားချက်များနှင့်အညီ သုံးစွဲသူ များထံ ဝန်ဆောင်မှုပေးရမည် ။
- အေးဂျင့် နှင့် သုံးစွဲသူ အကြား တစ်စုံတစ်ရာ အငြင်းပွားမှု ဖြစ်ပေါ်လျှင် GIFT အားချက်ချင်း ဆက်သွယ် အကြောင်းကြားရမည် ဖြစ်ပြီး GIFT သည် သင့်လျော်သော ဖြေရှင်းဆောင်ရွက်မှုအား ပြုလုပ်မည် ဖြစ်ပြီး အေးဂျင့်သည် မှ လိုက်နာဆောင်ရွက်ရမည်၊
4. အခကြေးငွေများနှင့် ကော်မရှင်ခများ
- လုပ်ငန်းဆောင်ရွက်ချက် တစ်ခုစီအတွက် သုံးစွဲသူများထံ ကောက်ခံရမည့် နှုန်းထားများကို သတ်မှတ်ထားသည့်အတိုင်း ကောက်ခံရမည်။
- အေးဂျင့် သို့ ပေးချေရမည့် ကော်မရှင်ခများအား လုပ်ငန်းဆောင်ရွက်ချက် တစ်ခုပြီးတိုင်း အေးဂျင့်၏ Account စာရင်းထဲ သို့ သတ်မှတ်ထားသော နှုန်းထားများအတိုင်း ထည့်ပေးမည် ဖြစ်သည်။
- အေးဂျင့်ထံမှ လုပ်ငန်းဆောင်ရွက်ချက်တစ်ခုစီအတွက် GIFT မှ ရရန်ရှိသော အခကြေးငွေများအား အေးဂျင့်၏ Account စာရင်းထံမှ ခုနှိမ်၍ ရယူခွင့် ရှိသည်။
5. အေးဂျင့်၏ ဝန်ခံကတိပြုမှုများ
- အေးဂျင့်သည် အောက်ပါတို့ကိုလိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်
- GIFT မှ ထုတ်ပြန်ထားသော စည်းမျဉ်းသတ်မှတ်ချက်များကို ဆောင်ရွက်လိုက်နာရမည်။
- ဝန်ဆောင်မှုနှင့် ပတ်သက်သည့်သတင်းအချက်အလက်များ ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သက်ဆိုင်သော မှတ်တမ်းမှတ်ရာများ စသဖြင့် GIFT မှ တရားဝင် ခန့်အပ် သတ်မှတ်ထားသည့် ဝန်ထမ်းမှ အခါအားလျော်စွာ တောင်းခံလာပါက အပြည့်အစုံ တင်ပြပေးရမည်
- GIFT ထံသို့ ပြန်လည် ပေးသွင်းရန် တာဝန်ရှိသော ငွေသားများ နှင့် သုံးစွဲသူထံမှ ကောက်ခံရရှိသော ငွေသားများကို တာဝန်ယူထိန်းသိမ်းရန် နှင့် GIFT မှ သတ်မှတ်ထားသော နည်းလမ်းအတိုင်း ပြန်လည်ပေးသွင်းရမည်။
- GIFT ထံသို့ ပြန်လည် ပေးသွင်းရန် တာဝန်ရှိသော ငွေသားများ တစ်နည်းနည်းဖြင့် ပျောက်ဆုံခြင်း သို့မဟုတ် ခိုးယူခံရခြင်း ဖြစ်ပါက အေးဂျင့် မှ တာဝန်ယူရမည် ဖြစ်ပြီး GIFT ထံသို့ ပေးချေရမည့် စာရင်းပမာဏအတိုင်း ပေးသွင်းရမည်။
- အေးဂျင့် Account ၏ လျှို့ဝှက်နံပါတ်များ အား မပေါက်ကြားစေရန် သိမ်းဆည်းရမည်။
- GIFT တွင် ဆောင်ရွက်ထားသည့် လုပ်ငန်းဆောင်ရွက်ချက် စာရင်း အသေးစိတ် အချက်အလက်များအား လျို့ဝှက်ထိန်းသိမ်းရန် နှင့် ပြင်ပ ပုဂ္ဂိုလ် / အဖွဲ့အစည်းများမှ တောင်းခံလာပါက ပြသခြင်း၊ ပေးပို့ခြင်း မပြုရပါ။
6. အေးဂျင့်မှ ငွေသွင်းခြင်း နှင့် ငွေထုတ်ခြင်း
- အေးဂျင့် သည် မိမိ၏ Agent Account သို့ ငွေသွင်းလိုပါက ငွေသားအား GIFT ၏ သတ်မှတ်ထားသော Bank Account သို့ ငွေသွင်း၍ bankslip အား Cash in payslip တွင် upload ၍ သော်လည်းကောင်း ၊ အေးဂျင့်၏ ဘဏ် အကောင့် မှတစ်ဆင့် လွှဲပြောင်း၍ သော်လည်းကောင်း ငွေသွင်းနိုင်သည်။
- အေးဂျင့် သည် မိမိ၏ Agent Account ထဲမှ ငွေပြန်ထုတ်လိုပါက Agent Account မှ Bank Account သို့ လွဲပြောင်း၍ ဖြစ်စေ နီးစပ်ရာ Agent Account သို့ သွား၍ ဖြစ်စေ ငွေထုတ်နိုင်ပါသည်။
7. လုပ်ငန်းဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည်များ
- လုပ်ငန်းဆောင်ရွက်ချက်များ ပြီးမြောက် ပါက လုပ်ငန်းပြီးမြောက်အောင်မြင်ကြောင်း အကြောင်းကြားစာ (Notification Message) ရောက်ရှိလာမည်။
- အေးဂျင့်သည် လုပ်ငန်းဆောင်ရွက်ချက်တစ်ခုလျှင် သတ်မှတ်ထားသော ပမာဏ ထက်ပိုသော ပမာဏ အား ဆောင်ရွက်ခြင်း မပြုရပါ။
- အေးဂျင့် မှ မှားယွင်းဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများသည် Agent တွင်သာ တာဝန်ရှိပြီး ဆုံးရှုံးမှုအတွက် GIFT တွင် တာဝန်မရှိစေရ။
8. အေးဂျင့်အဖြစ်မှ ရပ်စဲခြင်း
- အေးဂျင့်သည် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းမပြုဘဲ စည်းကမ်းဖောက်ဖျက်ခြင်း၊ တာဝန်များကို ဆောင်ရွက်ရန်ပျက်ကွက်ခြင်း သို့မဟုတ် မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းစသည်တို့ ရှိခဲ့လျှင် GIFT ၏ ဆန္ဒတစ်ခုတည်းဖြင့် အေးဂျင့်အဖြစ်မှ တာဝန်ရပ်စဲနိုင်ပါသည်။
- အေးဂျင့် မှ မိမိ၏ ဆန္ဒဖြင့် အေးဂျင့်အဖြစ်မှ ရပ်စဲလိုလျှင် GIFT ထံသို ရက်ပေါင်း (၃၀) ကြိုတင် အကြောင်းကြားရမည်။
- အေးဂျင့်အဖြစ်မှ ရပ်စဲပါက GIFT နှင့် အေးဂျင့် အကြားကျန်ရှိသည့် ပေးရန်ရရန် အားလုံးကို စားရင်းရှင်းလင်းခြင်း ပြီးဆုံးမှသာ ရပ်စဲနိုင်သည်။